Friday, July 27, 2012

Android Phone ဖြင့် ကွန်ပြူတာအား Internet ချိတ်ဆက်အသုံးပြုခြင်း

Android Phone အသုံးပြုပြီး ကွန်ပြူတာနှင့် ချိတ်ဆက်၍ အင်တာနက်သုံးဖို့ရာ အလွယ်ဆုံးနည်း

နှစ်နည်းရှိပါတယ်။ အများစုကတော့ သိပြီးသားဖြစ်ပေမဲ့။ မသိရသေးသူတွေအတွက် ဒီ Post ကိုရေးလိုက်တာပါ။
1.    USB Tethering
2.    Mobile AP (Wireless Tethering)
နှစ်နည်းစလုံး မိမိဘာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။

1   USB Tethering
·         ပထမဦးဆုံး ဖုန်းကိုUSB ကြိုးဖြင့်ု အင်တာနက်ချိတ်ဆက်အသုံးပြုမည့် Computer မှာတပ်ဆင်လိုက်ပါ။ မိမိဖုန်းအမျိုးအစားအလိုက် ကွန်ပြူတာမှာ Phone Driver ကိုတော့
Install လုပ်ထားရပါမယ်။ (Handset က Samsung အမျိုးအစားဆိုရင် Kies ကို install လုပ်ထားပါ။ တချို့ဟန်းဆက်တွေမှာ ဖုန်းကို USB ကြိုးဖြင့် ကွန်ပြူတာမှာ ချိတ်ဆက်လိုက်ယုံနဲ့ Phone Driver ဟာအလိုအလျောက် install လုပ်သွားပါတယ်။ တခါတလေ Driver ခွေဟာ Handset ၀ယ်စဉ်က အတူတွဲပါလာတတ်ပါတယ်။ မပါလာရင် အင်တာနက်မှာ မိမိ Handset အမျိုးအစားအလိုက် ရှာ ဒေါင်းလို့ရနိုင်ပါတယ်။ )

·         Driver ကို install လုပ်ပြီးရင် ဖုန်းမှာ  Settings > Applications > Development ကို သွားပြီး USB debugging မှာ အမှန်ချက် ပေးပါ။
·         ဖုန်းမှာ အင်တာနက်ကိုဖွင့်ပါ၊ (Settings > Wireless and Networks > Mobile networks Use packet data မှာအမှန်ချက်ပေး။)
·         ဖုန်းမှာအင်တာနက်ရနေပြီးဆိုရင် Settings > Wireless and Networks > Tethering and portable hotspot ကိုသွားပြီး USB tethering မှာ အမှန်ချက်ပေးလိုက်ပါ။ စက္ကန့်အနည်းငယ်
အတွင်း ကွန်ပြူတာမှာ အင်တာနက်အသုံးပြုနိုင်ပါပြီ။



2.Mobile AP (Wireless Tethering)
ဒီနည်းကိုသုံးရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ USB ကြိုးမလိုပဲ Wifi ရရှိတဲ့မည်သည့်
Device မဆို အင်တာနက်ကို Share ပေးနိုင်ပါတယ်။ အာက်ကနည်းအတိုင်း စမ်းကြည့်ကြရအောင်။
ဖုန်းမှာ Settings > Wireless and networks > Tethering and portable hotspot ကိုသွားပါ။ (မှတ်ချက်။ ။ တချို့ Android Devices တွေမှာ Settings > Wireless and networks ကိုရောက်လို့ Tethering and portable hotspot ဆိုတဲ့ Function မပါလာဘူးဆိုရင် phone ကို root လုပ်ပြီး wireless tethering apk ကိုinstall လုပ်ပြီး
အသုံးပြုနိုင်ပါတယ်။)

Ø  Moblie AP settings ကိုဝင်ပါ
Moblie AP settings ရောက်ရင် Network SSID မှာ မိမိ
ကြိုက်သည့်နာမည်ပေးနိုင်ပါတယ်။  Security မှာ open နှင့် WPA2 PSK ဆိုပြီးနှစ်မျိုးရှိပါတယ်။ open ကိုမရွေးပါနဲ့။ မိမိဖုန်းရဲ့internet connection ကို သူများပေးသုံးနေသလိုဖြစ် ဖြစ်နေပါမယ်။ WPA2 PSK ကို ရွေးပါ။
Password မှာ မိမိ ကြိုက်နှစ်သက်ရာ ပေးပြီး Save လုပ်လိုက်ပါ။

ပြီရင် Settings > Wireless and Networks > Tethering and portable hotspot
ကိုဝင်ပြီး Mobile AP ကို အမှန်ချက်ရွေးပေးလိုက်ပါ။

အားလုံးပြီးသွားပြီဆိုရင်တော့ တခြား Wifi ပါရှိတဲ့ Any Devices (computer,phone, laptop,notebook, tablet and ipad) အစရှိတဲ့ ပစ္စည်းတွေကနေ အင်တာနက်ကို
တချိန်တည်းမှာ ဖမ်းယူအသုံးပြုနိုင်ပါပြီ။ တခုတော့အသိပေးချင်ပါတယ်။ Android Phone နှင့် Wireless Tethering ကိုသုံးပြီး အင်တာနက်ကိုသုံးတဲ့အခါ မိမိ handset ဟာ ကြာလာလို့ရှိရင်ပူလာတတ်ပါတယ်။ အရမ်းပူလာလို့ရှိရင်တော့ ဆက်လက်ပြီး မသုံးသင့်တော့ပါဘူး။ အတွင်းကတစ်ခုခုလောင်သွားတတ်ပါတယ်။

အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
WNT


Related post :

Android Phone တွေအတွက် ကွန်ပြူတာနှင့် ချိတ်ဆက် Internet အသုံးပြူနည်း



No comments:

Post a Comment

Note: Only a member of this blog may post a comment.