From : .MRTV4
ပြည်တွင်းမှာ အသည်းရောင် အသားဝါ စီပိုးရှိသူ ၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဇူလိုင်လ ၂၁ ရက် နေ့က သူနာပြု တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့

အသည်းရောင် အသားဝါနေ့ အခမ်းအနားမှ သိရပါတယ်။ အဆိုပါ အသည်းရောင် အသားဝါ စီပိုးဟာ အသည်းရောင် အသားဝါစီပိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ စီပိုးကူးစက် ရင်တော့ အသည်းရောင်ခြင်း၊ အသည်းမာခြင်း၊ အသည်း ခြောက်ခြင်း၊ အသည်း ကင်ဆာနဲ့ အသည်း အလုပ် မလုပ်တော့ခြင်း စတာတွေ ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ စီပိုးဟာ အသည်းကို ထိခိုက်သလို ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါတွေ ကိုလည်းထိခိုက် နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ အသည်းရောင် အသားဝါစီပိုး ကူးစက်ခံ ရရင်တော့ မျက်စိဝါခြင်း၊ အသားဝါခြင်း၊ ဆီးနီခြင်း၊ ခေါင်းအုံခြင်းနဲ့ ပင်ပန်း နွမ်းနယ်ခြင်း စတာတွေ ဖြစ်ပေါ်တတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ လေ့လာ တွေ့ရှိချက်အရ အသည်းခြောက် ရောဂါရှိ သူများရဲ့ ၆၀ ရာခိုင်နှုန်း ခန့်ဟာ စီပိုးကြောင့် ဖြစ်ပွားရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အသည်းရောင် အသားဝါစီပိုး ကူးစက်ခံရမှုဟာ ပြည်တွင်း မှာသာမက ကမ္ဘာပေါ်မှာလည်း နှစ်စဉ် နှစ်တိုင်း လူဦးရေ လေးသန်းခန့် ရောဂါပိုး ကူးစက်ခံ နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်စဉ် လူဦးရေ သုံးသိန်းခန့် ဟာလည်း အဆိုပါ စီပိုးကြောင့် ဖြစ်တဲ့ အသည်း ရောဂါနဲ့ သေဆုံး နေကြ ရတာ ဖြစ်ပါတယ်။ အဆိုပါ အသည်းရောင် အသားဝါ စီပိုးဟာ ရောဂါပိုး ပါတဲ့သွေးမှ တဆင့် အဓိက ကူးစက်တာ ဖြစ်ပြီး အစားအသောက် မှတဆင့် ကူးစက်မှု မရှိဘူးလို့ သိရပါတယ်။
Myanmar Express မှကူးယူဖော်ပြပါသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.