Tuesday, June 5, 2012

တချို့Myanmar GSM Phone တွေ Message ပို့လို့မရဘူး လက်ခံလို့တော့ရတယ် ဘယ်လိုဖြစ်တာလဲ?


မသိသေးသူတွေအတွက် ဒီ post ကိုရေးလိုက်တာပါ။ ကျွန်တော့လို မပင်ပန်းစေချင်လို့။ တနေ့က ဦးလေး
တစ်ယောက်က သူ့ ၁၅သိန်းတန်ဖုန်းကို prepaid card စနစ် ပြောင်းချင်လို့ YES လုပ်ပြီး 18812 ကို message ပို့လို့မရဘူးဆိုပြီး လာပြပါတယ်။ အားကိုးတကြီးနဲ့ပေါ့။ ဦးလေးဆီကဖုန်းကိုလှန်းယူပြီး ဟိုကလိဒီကလိနဲ့ လုပ်တတ်သလိုလို လုပ်ကြည့်တယ်။ မရ။ ပုံမှန်အားဖြင့်တော့ Message ရိုက်ပြီး Send ဆိုရပြီလေ ဆိုတော့ ဦးလေးက ဒါကတော့ငါသိတာပေါ့။ Send လိုက်ပြီးဆိုရင် fail ဖြစ်နေလို့တဲ့။ အဲ့လို့နဲ့ 15မီးနစ်ကြာတော့ ဦးလေးကမစောင့်နိုင်တော့ဘူးဆိုပြီး သူ့ဖုန်းကို ကျွန်တော့ဆီထားခဲ့လိုက်ရပါတယ်။  မာလာမှတ်တိုင်နားကမြန်မာ့ဆက်သွယ်ရေးရုံးကို ပြကြည့်တယ်။ သူတို့ဒီကိစ်စ သူတို့ဆီမှာလုပ်ရမှာမဟုတ်ဘူး ဆိုပြီး ရွှေဂုံတိုင်မီးပွိုင့်နားက မြန်မာ့ဆက်သွယ်ရေးရုံးကို ထပ်ညွန်ပါတယ်။  ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေးရုံး ကိုရောက်တော့ အဲ့ဒီရုံးကအကိုတစ်ယောက်ကို မေးကြည့်မှ သိရတာပါ။ သိတော့လဲလွယ်လွယ်လေး၊ မသိတော့လဲ နေပူကြီးထဲ ဒါလေးအတွက်နဲ ပြေးရတယ်။
ကဲ message ပို့မရလို့ဆိုသူများ အောက်မှာပြထားတဲ့အတိုင်းလုပ်ကြည့်ပါ။

Message box ပုံသင်္ကေတကိုနှိပ်ပါ > Settings ကိုရှာပါ (အောက်နားမှာရှိတတ်ပါတယ်)> text Message ကိုသွားပါ (တချို့ဖုန်းတွေမှာ text message သွားစရာမလိုပါ) message center ကိုတွေ့ရင် အပေါ်မှာ MPT လို့ရိုက်ပြီး အောက် မှာ +09595930003ရိုက်ပါ ( တချို့ဖုန်းတွေမှာ message center နေရာမှာ service center ဆိုပြီးပါတယ်) +09595930003 ကိုသာရိုက်လိုက်ယုံပါပဲ။ ပြီးရင် Save လုပ်ပြီး message ပို့ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
WNT

No comments:

Post a Comment

Note: Only a member of this blog may post a comment.