Monday, July 30, 2012

GSM, WCDMA, CDMA အစရှိတဲ့ Mobile Phone တွေရဲ့ Internet Settings ထည့်နည်းကို ကိုယ်တိုင်ပြုလုပ်ခြင်း။


          မြန်မာနိုင်ငံမှာ Mobile Phone တွေမှာ အင်တာနက်အသုံးပြုမယ်ဆိုရင် ဆက်သွယ်ရေးမှာ ငွေကျပ် တစ်သောင်းပေးပြီး လျှောက်ထားရန်လိုအပ်ပေမဲ့ တခြားနိုင်ငံမှာတွေမှာတော့ တကူးတကငွေ ပေးပြီး လျှောက်ထားဖို့လိုအပ်မယ်မထင်ပါဘူး။ ဖုန်းမှာ Settings တချို့ဝင်ရောက်ပြင်ဆင်လိုက်ရုံဖြင့် အင်တာနက်ကို အသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာငွေရှိရုံဖြင့် အင်တာနက်ကိုလွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်လျှောက်ထားပြီးလျှင် ကိုယ့်ရဲ့ဖုန်းနံပါတ်ကို အင်တာနက်ဖွင့်ပေးဖို့ တပတ်။ 15ရက်။ တခါတလေမှာ ရက် 20 ခန့်ကြာမှ အင်တာနက်ရတာဖြစ်ပါတယ်။ တချို့က မိမိဖုန်းမှာ အင်တာနက်ရလောက် ပြီထင်ပြီး အင်တာနက်သုံးကြည့်ကြည်ပါတယ်။ မရတော့မှ Services Center တွေဆီသွားပြီး လုပ်ခိုင်းကြရပါတယ်။ အောက်မှာ Internet Settings ထည့်နည်းကို ကိုယ်တိုင်ပြုလုပ်နိုင် အောင် Post အနေနဲ့ ရေးသားလိုက်ပါတယ်။ ဖုန်းဟန်းဆက်အမျိုးအစားပေါ်မူတည်ပြီး Settings ထည့်နည်းကလည်းမတူပါဘူး။ ကျွန်တော်အခုတင်ပြမှာကတော့ Android OS သုံး Smart Phone အမျိုးအစားဖြင့်တင်ပြထားပါတယ်။

GSM နှင့် WCDMA ဖုန်းများတွင် packet data ဖွင့်နည်း

ပထမ ပုံမှာပြထားသည့်အတိုင်း Setting > Wireless and networks > Mobile networks သို့ဝင်ပါ။

နောက် Access Point Name ၀င်ပြီး Menu Button ကိုနှိပ်၍ New APN ကိုဝင်ပါ။ ဒီနေရာမှာ အရေးကြီးပါတယ်။ Edit access point ရောက်ရင် GSM နှင့် WCDMA အတွက် Name မှာ မိမိကြိုက်တဲ့နာမည်ကိုပေးနိုင်ပါတယ်။ APN မှာတော့ mptnet လို့ရိုက်ပေးရမှာပါ။
(Small letter ဆိုရင် အားလုံး small letter ရိုက်ပါ။) ok နှိပ်ပြီး ပြန်ထွက်လိုက်ရင် ကိုယ်ခုနကပေးထားတဲ့ အမည်နဲ့ပေါ်လာလိမ့်မယ်။ 

 












 အဲ့ဒီနေရာကိုနှိပ်လိုက်ပါ။ အစိမ်းရောင်လေးပေါ်လာလိမ့်မယ်။ အားလုံးပြီးသွား ပြီဆိုရင်တော့ Settings > Wireless and networks > Mobile networks ကိုဝင်ပြီး use packet data (တချို့လဲ Data enabled) ကို အမှန်ချက် on ပေးလိုက်ရင် ဖုန်းမှာ E or 3G or H ဆိုပြီးတခုခု ပေါ်လာပါမယ်။
  
အဲ့ဒါဆိုရင် ဖုန်းမှာ အင်တာနက် web browser တစ်ခုခုကိုဖွင့်ပြီး အင်တာနက် အသုံးပြုနိုင်ပါပြီ။ ခုနကပြောတဲ့ E or 3G or H တို့ ပေါ်မလာဘူးသေးဘူးဆိုရင်တော့ မိမိရဲ့ဖုန်းနံပါတ်ကို အင်တာနက်လိုင်းချမပေးသေးလို့ဖြစ်နိုင်ပါတယ်။













ဆက်လက်ပြီး CDMA 800MHz ဖုန်းများတွင် packet data ဖွင့်နည်းကို တင်ပြပေးပါမယ်။

CDMA 800MHz ဖုန်းများအတွက်ဆိုရင်တော့ ကျွန်တော်အပေါ်မှာပြပေးထားသည့်အတိုင်း APN အထိ ရောက်အောင်သွားပါ။
Name မှာမိမိကြိုက်တာပေးပါ။ အရှည်ကြီးမပေးပါနဲ့။ (ဥပမာ win)။ APN မှာ #777 လို့ရိုက်ပြီး User name ထဲဝင်ပြီး ကိုယ်ပေးခဲ့တဲ့
အမည်ရဲ့နောက်မှာ @c800.mm ကိုရိုက်ထည့်ပေးရပါမယ်။ (ဥပမာ win@c800.mm)။ ပြီးရင် ok နှိပ်။ password ထည့်ပေးရပါအုံးမယ်။
Password မှာ ကိုယ်ပေးလိုတဲ့ password ထည့်။ တချို့CDMA ဖုန်းတွေအတွက် Authentication Type မှာ PAP သို့မဟုတ် CHAP
ရွေးပေးရပါတယ်။ နောက် APN Type မှာ Internet ရွေးပေးပါ။ တချို့ဖုန်းတွေမှာ APN Protocol ပါရင် IPV4 ကိုရွေးပေးပါ။
အားလုံးပြီးပြီဆိုရင်တော့ Menu ကိုနှိပ်ပြီး save လုပ်ပါ။ back ကီးနှင့် ပြန်ထွက်လိုက်ရင် စောစောကပေးထားတဲ့အမည်နှင့်ပေါ်လာပါမယ်။
CDMA 800MHz ဖုန်းများတွင် packet data ဖွင့်တာပြီးပါပြီ။
အပေါ်မှာပြထားတဲ့အတိုင်း Settings > Wireless and networks > Mobile networks ကိုဝင်ပြီး use packet data (တချို့လဲ Data enabled) ကို အမှန်ချက် on ပေးလိုက်ပါတော့။ အင်တာနက်အသုံးပြုနိုင်ပါပြီ။

ဆက်လက်ဖော်ပြပေးပါမည်။

အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
WNT


No comments:

Post a Comment

Note: Only a member of this blog may post a comment.