ပထမဆုံးလိုအပ်တာကတော့
- Android phone
- မိမိချိတ်ဆက်လိုတဲ့ laptop, netbook, or desktop computer
- A USB sync cable ကို မိမိအသုံးပြုမည့် laptop, netbook, or desktop computer မှာတပ်ဆင်ထားပါ။
- Pdanet ကိုတော့ဒီလင့်မှာ Pdanet for your android phone သွားဒေါင်းပြီးဖုန်းမှာinstall လုပ်ပါ။
- နောက်ကွန်ပြူတာအတွက် pdanet ကိုတော့ ဒီလင့်မှာ PdaNet for your computer သွားဒေါင်းပြီး ကွန်ပြူတာမှာInstall လုပ်ပါ။ (မလုပ်တတ်ရင်အောက်မှာပြပေးထားပါတယ်။)
တကယ်တော့ pdanet ဟာ trial version ဖြစ်ပါတယ်။ ၀ယ်ပြီးသုံးချင်တယ်ဆိုရင်တော့ $15.95 တောင်
ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ free trial ကာလကုန်းသွားရင် ပြန်ပြီး uninstall လုပ်၊ နောက် install ပြန်လုပ်ပြီးပြန်သုံးနိုင်ပါတယ်။ Market မှတဆင့်သွားဒေါင်းရင်လည်းရပါတယ်။ ပထမ Market ကိုသွားပါ၊
Search မှာ pdanet လို့ရိုက်ရှာပါ၊ အောက်မှာ install လုပ်နည်းကိုပုံနှင့် ရှင်းပြထားပါတယ်။
Installing PdaNet on Your Android Device

install လုပ်ပြီး OK နှိပ်ပါ။
အောက်မှာပြထားပါတယ်။ Enable USB Tether ကိုရွေး၊ အဲ့ဒီအခါမှာ Message Box တစ်ခုကျလာပါတယ်။ Desktop computer အတွက် Pdanet ကို ဒေါင်းလုလုပ်မလားဆိုပြီးမေးတာပါ။
အပေါ်မှာကျွန်တောပေးတဲ့လင့်ကနေဒေါင်းပြီးတဲ့သူတွေက ထပ်လုပ်စရာမလိုတော့ပါဘူး။ no Already installed ကိုရွေးပါ။ ဒေါင်းလုမလုပ်ရသေးသူတွေကတော့ yes let me download ကိုရွေးပြီးဒေါင်းလိုက်ပါ။
ပြီးမှ ကွန်ပြူတာမှာ install လုပ်ပါ။

ဖုန်းမှာ install လုပ်ပြီးသွားပြီဆိုရင်တော့ ကွန်ပြူတာမှာ Pdanet ကို install လုပ်ရမှာဖြစ်ပါတယ်။ pdanet ကို ကွန်ပြူတာမှာ install လုပ်လိုက်ပါ။
Installing PdaNet on Your Desktop

ကွန်ပြူတာမှာ install လုပ်ပြီးသွားရင်တော့ အင်တာနက်ချိတ်ဆက်လို့ရပါပြီ။ ပုံမှာပြထားတဲ့အတိုင်း
ကွန်ပြူတာရဲ့task bar ပေါ်မှာ pdanet icon ပေါ်မှာ Right Click နှိပ်၊ connect Internet ကိုရွေးပြီး
အင်တာနက်အသုံးပြုနိုင်ပါပြီ။

အဆင်ပြေသွားပါလိမ့်မယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.