Tuesday, June 5, 2012

10 Ways To Speed Up Your PC



ကွန်ပြူတာရဲ့စွမ်းဆောင်ရည်ဟာ အရမ်းကိုနှေးကွေးနေပြီဆိုရင် စိတ်ညှစ်စရာ ဖြစ်ရပါတယ်။ အဲ့လိုမဖြစ်အောင် အောက်ပါဆောင်ရန် ရှောင်ရန်လေးတွေကိုသိထားရင်
မိမိကွန်ပြူတာကို မိမိကိုယ်တိုင်မြန်ဆန်လာအောင် လုပ်ပေးနိုင်ပါတယ်။

၁။ သင့်ရဲ့ကွန်ပြူတာကို နှစ်ပါတ်ကို အနည်းဆုံးတစ်ကြိမ် Defrag လုပ်ပေးပါ။ ကျွန်တော်ဆိုရင်တပါတ်ကို တစ်ကြိမ်လုပ်ပေးပါတယ်။ Defrag လုပ်ဖို့အတွက်
Go to start>accessories>system tools>disk defragmenter ကိုသွားပါ။ ပထမဆုံး Defrag လုပ်ဖို့လိုမလို  “analyze” click လုပ်ကြည့်ပါ။ need to defrag လိုတယ်လို့ပြောလာလို့ရှိရင်တော့ Defrag လုပ်ပါ။ မလိုရင်တော့ လုပ်စရာမလိုသေးပါဘူး။

၂။ Disk Clean Up ကိုလည်း နှစ်ပါတ်တစ်ကြိမ်လုပ်ပေးပါ။ (တစ်ပါတ်တစ်ကြိမ်လုပ်နိုင်ရင်တော့ပိုကောင်းပါတယ်။) Disk Clean Up လုပ်ဖို့အတွက် Go to start>accessories>system tools>disk clean up. Disk Clean Up ဟာ Hard disk ကို analyze လုပ်ပြီးရင် reports ထုတ်ပေးပါတယ်။ recycle bin နှင့် temp file တွေထဲမှာ ရှိတဲ့ files မှန်သမျှ delete လုပ်ပေးပါ။

၃။ မိမိအသုံးမပြုလို(အသုံးမ၀င်) တော့တဲ့Softwares တွေကို ကွန်ပြူတာမှ ရှင်းထုတ်လိုက်ပါ။ Uninstall လုပ်ပါ။ Softwares တွေကို Uninstall လုပ်ဖို့ Go to control panel>add remove programs ကိုသွားပြီ Uninstall ပြုလုပ်နိုင်ပါတယ်။ Uninstall လုပ်ပြီးတိုင်း computer ကို restart ချဖို့မမေ့ပါနှင့်။

၎။ အင်တာနက်အသုံးပြုပြီးတိုင်း (temporary files and cookies) files တွေကို Delete လုပ်ပါ။ အင်တာနက် browser ကိုဖွင့်ပါ။ browser အပေါ်ရှိ tools>internet options> delete browser history on exit မှာ အမှန်ချက်ရွေးပေး၊ files နှင့် cookies ကို delete လုပ်ပေးပါ။ Settings ကိုဝင်ပြီး history မှ (၀) ပဲထား၊ တခြားကိုလည်း  (၁၀)လောက်ပဲ ထားပါ။


၅။ အင်တာနက်မှ download programs install လုပ်ရာမှာ သတိထားပါ။ လိုအပ်မှသာလုပ်ပါ။  တခါတရံ ပြန်ပြီး uninstall လုပ်ရာမှာ အခက်တွေ့ရတတ်ပါတယ်။

၆။ firewall ကို အမြဲတမ်း turn on လုပ်ထားပါ။  ကွန်ပြူတာမှာ firewall တစ်ခုနှင့် antivirus တစ်ခုစီသာထားပါ။ antivirus software ကိုတစ်ခုထက်ပိုမထားပါနှင့်။ free antivirus ကို သုံးလျင် Miscrosoft Security Essentials ကိုသုံးကြည့်ပါလို့အကြံပြုချင် ပါတယ်။ google မှာ လွယ်ကူစွာ search လုပ်ပြီးဒေါင်းလု လုပ်နိုင်ပါသည်။

၇။ antivirus ကို သုံးရက်တစ်ကြိမ်ခန့် complete scan run ပေးပါ။

၈။ မိမိကွန်ပြူတာရှိ software and program တွေကို နောက်ဆုံးထွက် update ဖြစ်နိုင်လျှင် ပိုကောင်းပါသည်။

၉။ programs တွေကို task bar ပေါ်မှာ တချိန်တည်း အများကြီး run မထားသင့်ပါဘူး။  
စက်လေးတတ်ပါတယ်။

၁၀။ နောက်ဆုံးတစ်ခုကတော့ မိမိကွန်ပြူတာမှာ Memory အရမ်းနည်းနေလျင်လဲ မိမိ computerနှင့်ကိုက်ညီတဲ့  memory  ပမာဏကိုထပ်မံတိုးမြှင့်သင့်ပါတယ်။

ဝေဖန်အကြံပြုနိုင်ပါသည်။
WNT







No comments:

Post a Comment

Note: Only a member of this blog may post a comment.