Thursday, July 26, 2012

အဆိပ်အပုပ်ရှင်းထုတ်နိုင်ဖို့ အဓိကအချက်သုံးချက်

from : စာရေးဆရာ မင်းစံအိမ်
 
ဝမ်းမှန်ပါစေ။
   အူတွင်းက အညစ်အကြေးတွေ အချိန်မီရှင်းထုတ်ပါ။
   အစာစားလိုက်ပြီးနောက် မခြေဖျက်နိုင်တဲ့ အရာများဟာ မစင်ဖြစ်သွားပါတယ်။ ဒီမစင်မှာ အဆိပ်အပုပ်နှင့် ပိုးမွှားတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို အချိန်မီ မစွန့်ထုတ်လျှင် အူတွင်းက အညစ်အကြေးထဲမှာ ဒီအဆိပ်၊ ဒီပိုးတွေဟာ အောင်းစုမှီတွယ်ပြီး ပိုမိုတိုးပွား၊ များပြားလာလိမ့်မယ်။ အဆိပ်အပုပ်တွေကို ခန္ဓာကိုယ်က အပြန်ပြန်စုပ်ယူခြင်းဖြင့် သွေးရည်နောက်ကျိလာပါတယ်။ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန်ဝမ်းသွားတဲ့ အကျင့်ကိုမွေးပါ။ ၀မ်းမှန်ဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေနှင့် အမျှင်များများပါတဲ့ အစားအစာများ စားပေးပါ။ ဒီအမျှင်တွေဟာ ပွတ်တိုက်တံ(ဘရပ်ခ်ျ)လို အူတွင်းနံရံပေါ်က အနည်အညစ်တွေကို တိုက်ချွတ်ပေးနိုင်ပါတယ်။

ရေများများသောက်ပါ။
   တစ်သျှူးအတွင်းက အညစ်အကြေးတွေ အချိန်မီရှင်းထုတ်ပါ။
   သွေးရည်ကနေ အောက်စီဂျင်နှင့် အာဟာရဓါတ်တွေကို ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးတဲ့ ဖြစ်စဉ်အတွင်း စွန့်ပစ်ရမယ့် အညစ်အကြေးတချို့ပေါ်တတ်တယ်။ ကိုယ်အလေးချိန် 60 ကီလိုဂရမ်ရှိတဲ့ လူကြီးတစ်ဦးဟာ တစ်ရက်မှာ ဒီလိုအညစ်အကြေး 20ဂရမ်ခန့်ပေါ်ပါတယ်။ ဒါကိုအချိန်မီ မစွန့်ထုတ်နိုင်လျှင် ခန္ဓာကိုယ်အဆိပ်သင့်နိုင်ပါတယ်။ ပေါ့လျှင်တော့ မအီမသာခံစားရပြီး ပြင်းလျှင်တော့ ရောဂါဖြစ်တာနဲ့ အသက်အန္တရာယ်ပေါ်တာအထိ ဖြစ်နိုင်ပါတယ်။ သွေးရည်ထဲက ဒီအညစ်အကြေးတွေကို အချိန်မီ အမြန်စွန့်ထုတ်နိုင်ဖို့ ဦးဆုံးလိုအပ်တာကတော့ နေ့စဉ်ရေကို သင့်တင့်စွာ သောက်ပေးတဲ့ အကျင့်မွေးဖို့ပါပဲ။ အထူးသဖြင့် နံနက်နှင့် ညများမှာ ရေများများသောက်ပါ။ သွေးရည်နဲ့ တစ်သျှူးကြားက အရည်များကို ရေများများနဲ့ သမစေပြီး အပျစ်ကျဲလာရာမှ အဆိပ်အပုပ်တွေကို အချိန်မီ စွန့်ထုတ်နိုင်ပါလိမ့်မယ်။

များများလှုပ်ရှားပါ။
   အသက်ရှူအင်္ဂါအတွင်းက အညစ်အကြေးတွေကို အချိန်မီစွန့်ထုတ်ပါ။
   လူရဲ့အဆုတ်မှာ လေအိတ်ငယ် သန်းပေါင်း 750လောက်ရှိပြီး သာမန်အချိန်မှာ လေအိတ်ငယ်အရေအတွက်ရဲ့ သုံးပုံတစ်ပုံလောက်သာ ပါဝင်လှုပ်ရှားတတ်တယ်။ ကျန်သုံးပုံနှစ်ပုံဟာ အိပ်နေ၊ ငြိမ်နေတဲ့ သဘောရှိပါတယ်။ ယင်းလေအိတ်ငယ်အတွင်း အောင်းစုနေတဲ့ လေသေ များကိုရှူထုတ်မပစ်လျှင် လတ်ဆတ်တဲ့လေ ရှူသွင်းမှုကို ထိခိုက်နိုင်ပါတယ်။ ဒီလိုငြိမ်နေတဲ့ လေအိတ်ငယ်အတွင်းက လေသေများဟာ ပမာဏတိုးလာတာနဲ့အမျှ သန့်ရှင်းလတ်ဆတ်တဲ့ လေများ ၀င်ရောက်နိုင်မှု နည်းလေဖြစ်ပြီး အောက်စီဂျင်ချို့တဲ့တဲ့ နာတာရှည်ရောဂါလက္ခဏာများ ပေါ်လာနိုင်တယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားများများ လုပ်ပေးဖို့လိုပြီး ဒါမှ အဆုတ်လှုပ်ရှားမှု ပမာဏကိုများစေမယ်။ ဒါမှ လေသေလေပုပ်တွေကို ရှူထုတ်ကာ လတ်ဆတ်တဲ့ လေသန့်များကို ပိုမိုရှူသွင်းနိုင်မှာဖြစ်တယ်။

ဆက်လက်ဖော်ပြပေးပါမည်။
KWZ 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.