Wednesday, August 1, 2012

ဆေးဖက်ဝင်ရှားစောင်းလက်ပပ်






   ရှားစောင်းလက်ပပ်အပင်ကို လွန်ခဲ့တဲ့ နှစ်3000ကျော်လောက်ကတည်းက နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အပင်ဟာ အနာကျက်မြန်စေတယ်ဆိုတဲ့ အစွမ်းသတ္တိကို ရှေးခေတ်ကတည်းက သိရှိထားခဲ့ကြပါတယ်။ သူ့ကို ပြတ်၇ှဒဏ်ရာတွေ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ သဘာဝအစိုဓါတ်ရှိတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
   ရှားစောင်းလက်ပပ်ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ်ဝင်းလက်တောက်ပစေပါတယ်။ တကယ်တော့ ရှားစောင်းလက်ပပ်ဟာ အရေပြားရဲ့ပုံမှန်လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အကူအညီပေးနိုင်ပြီး အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် အင်တီအောက်စီဒင့်အစွမ်းသတ္တိတွေ အများကြီးပါဝင်ပြီး အရေပြားပေါ်ကဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေဖို့ အားပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းမှုကိုလည်းနှောင့်နှေးစေပါတယ်။
   အလှကုန်ပစ္စည်းတွေထဲမှာလည်း ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် အရည်ကို ထည့်သွင်းအသုံးပြုကြပါတယ်။ သူ့ကို အသားအရေပြုပြင်ထိန်းသိမ်းမှုပစ္စည်းတွေဖြစ်တဲ့ cleanser ၊ moisturisers ၊ skin serums စတဲ့ပစ္စည်းတွေထဲမှာ ထည့်သွင်းအသုံးပြုပါတယ်။ တကယ်လို့ ကိုယ့်အိမ်မှာ ရှားစောင်းလက်ပပ်အပင်ကို စိုက်ပျိုးထားတယ်ဆိုရင် ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် အရည်ကိုအရေပြားပေါ်မှာ တိုက်ရိုက်လိမ်းနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အရည်ကို အရွက်ရဲ့အပြင်ပိုင်းမှာ တွေ့နိုင်ပါတယ်။ ရှားစောင်းလက်ပပ်ဂျဲလ် ဒါမှမဟုတ် အရည်ကို မျက်နှာပေါ်မှာလိမ်းပြီး မိနစ် 20လောက်ထားပြီး ရေနဲ့သေချာဆေးပါ။ ချောမွတ်ပြီး စိုပြည်ဝင်းပနေတာကို သင်ခံစားရပါလိမ့်မယ်။
  ရှားစောင်းလက်ပပ်ကို ပုံမှန်သုံးပေးရင်တော့ အရေပြားရဲ့နုပျိုမှုအာနိသင်တွေကို ထိန်းပေးထားနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို နွေရာသီရော ဆောင်းရာသီမှာပါ အသုံးပြုနိုင်ပါတယ်။ ဆောင်းရာသီဆိုရင် အသားအရေကို ခြောက်သွေ့မှုကို လျော့ပါးသက်သာစေပြီး နူးညံ့နေစေပါတယ်။ နွေရာသီမှဆိုရင်တော့ အဆီပြန်ခြင်းမရှိဘဲ အသားအရေရဲ့ အစိုဓါတ်ကို ထိန်းပေးပါတယ်။

From :  Myanmar Post Global
ဆက်လက်ဖော်ပြပေးပါမယ်။ 
kwz





No comments:

Post a Comment

Note: Only a member of this blog may post a comment.