Wednesday, August 1, 2012

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းများ








   ဆံပင်ကျွတ်ခြင်းဟာ အမျိုးသမီးငယ်တိုင်း စိတ်ညစ်ရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကို ဘယ်လိုကာကွယ်ကြမလဲ။ ဈေးကြီးတဲ့ ပစ္စည်းတွေ ၀ယ်သုံးစရာမလိုဘဲ သဘာဝနည်းလမ်းတွေနဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ကဲ... ကြည့်ကြရအောင်.....

-သံလွင်ဆီ၊ အုန်းဆီစတဲ့ ဘယ်သဘာဝအဆီမျိုးကိုမဆို အပူပေပါ။ ခပ်နွေးနွေးဖြစ်တဲ့အထိ အပူပေးပါ။ နောက် သင့်ဦးရေပြားထဲစိမ့်ဝင်အောင် လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် shwer cap နဲ့အုပ်ထားပြီး တစ်နာရီလောက်ထားပါ။ နောက်ခေါင်းလျှော်လိုက်ပါ။

-ကြက်သွန်ဖြူအနှစ်ရည်၊ ကြက်သွန်နီအနှစ်ရည်နဲ့ ချင်းအနှစ်ရည်ပဲဖြစ်ဖြစ် တစ်ခုခုကိုသင့်ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ညအိပ်ခါနီးလိမ်းပြီး နောက်နေ့ နံနက်ရောက်တဲ့အခါ ခေါင်းလျှော်ချလိုက်ပါ။

-နေ့စဉ် ဦးရေပြားကို မိနစ်အနည်းငယ်နှိပ်နှယ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဦးရေပြားအတွင်းသွေးလည်ပတ်မှုကောင်းခြင်းဟာ ဆံပင်မွေးညင်းပေါက်တွေကို အားကောင်းစေပါတယ်။ နှိပ်နှယ်ပေးတဲ့အခါမှာလည်း လာဗင်ဒါအဆီအနည်းငယ်ထည့်ပြီး နှိပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

-ရေနွေးနဲ့နှပ်ထားတဲ့ လက်ဖက်စိမ်းရွက်တွေကို ဦးရေပြားမှာတင်ပြီး တစ်နာရီခန့်ကြာအောင် ထားပေးပါ။ ထို့နောက်ရေနှင့်ဆေးချပါ။ လက်ဖက်စိမ်းမှာ အောက်စီဂျင်ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပြီး ဆံပင်တွေ ပိုမိုရှင်သန်စေပါတယ်။

-ဆံပင်ကျွတ်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ အဲဒါတွေကို လျှော့ချပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကျဆင်းစေပြီး ဟော်မုန်းတွေ ပုံမှန်ရှိအောင် ထိန်းထားပေးနိုင်ပါတယ်။

from : Myanmar Post Global
ဆက်လက်ဖော်ပြပေးပါမယ်။ 
kwz




No comments:

Post a Comment

Note: Only a member of this blog may post a comment.