Wednesday, August 1, 2012

အမျိုးသမီးတွေအတွက် ကြောက်စရာအန္တရာယ်




  ဒီနေ့ခေတ် အမျိုးသမီးတွေအတွက် ခြိမ်းခြောက်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ အရိုးပွရောဂါဖြစ်ပါတယ်။ အရိုးပွရောဂါဟာ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိပေမယ့် အခုဆိုရင် ငယ်ရွယ်သူအမျိုးသမီးတွေမှာပါ ဖြစ်ပွားနေတယ်ဆိုတာကို တစ်ကမ္ဘာလုံးက ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
   အသက် 20 ကနေ 30 အရွယ်ကြားမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကိုပါ ဒီရောဂါက ခြိမ်းခြောက်လာတာဖြစ်ပါတယ်။ အရိုးပွရောဂါဆိုတာ တကယ်တော့ အရိုးတွေ သိပ်သည်းဆလျော့နည်းလာတာဖြစ်ပါတယ်။
ရောဂါလက္ခဏာ
   အစောပိုင်းမှာ အရိုးပွရောဂါဟာ ဘာလက္ခဏာမှပြသလေ့မရှိပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အရိုးထဲကဖြစ်ဖြစ်၊ ကြွက်သားထဲကဖြစ်ဖြစ် စူးအောင့်တဲ့ နာကျင်မှုကို ခံစားရပြီဆိုရင် အထူးသဖြင့် နောက်ကျောအောက်ပိုင်းနဲ့လည်ပင်းမှာ ခံစားရပြီဆိုရင် ဒါဟာ အရိုးပွရောဂါလက္ခဏာပါပဲ။
ဖြစ်ရတဲ့အကြောင်းရင်း
   စားသောက်မှုပုံစံ ပျက်ယွင်းလာတာ၊ အ၀လွန်တာ၊ စီးကရက်သောက်တာ၊ အရက်သောက်တာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနည်းပြီး အထိုင်များတဲ့နေမှုပုံစံရှိတာ စတဲ့အကြောင်းရင်းတွေဟာ အသက် 20နဲ့30ကြားမှာ အရိုးပွရောဂါဖြစ်ရတဲ့ အကြောင်းရင်းများပဲ ဖြစ်ပါတယ်။
ကုသနည်း
   အရိုးပွရောဂါကို ဆေးဝါးနဲ့ရော ဆေးဝါးမပါတဲ့နည်းအရပါ ကုသနိုင်ပါတယ်။ ဆေးဝါးမပါတဲ့ နည်းအရကတော့ ကယ်လစီယမ်နဲ့ဗီတာမင်ဒီအားဆေးတွေ သောက်ခြင်း၊ နေပူစာလှုံခြင်း၊ လမ်းလျှောက်ခြင်းနဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးခြင်း၊ အရက်သောက်သုံးမှုနဲ့ ဆေးလက်သောက်မှုကို လျှော့ခြင်းတို့ပဲဖြစ်ပါတယ်။

From: Myanmar Post Global
ဆက်လက်ဖော်ပြပေးပါမည်။
kwz

No comments:

Post a Comment

Note: Only a member of this blog may post a comment.