Wednesday, August 1, 2012

သင့်အတွက် နံနက်စာ




     တစ်နေ့တာ စားသောက်တဲ့အနပ်တွေထဲမှာ နံနက်စာဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဘယ်လိုပဲတိုက်တွန်းပြောဆိုနေပေမယ့် လူတော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် နံနက်စာကို စားဖို့ ပျက်ကွက်နေတတ်ကြပါတယ်။
     တကယ်တော့ နံနက်စာဟာ တစ်နေ့တာအတွင်း ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ နံနက်စာစားဖို့ ပျက်ကွက်တာဟာ တစ်နေ့တာ မကောင်းတဲ့စားသောက်မှုအကျင့်ကို ပိုဆိုးစေပါတယ်။ နံနက်စာစားခြင်းဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်ပျက်မှုကို ပိုပြီးဆိုးစေပါတယ်။ နံနက်စာစားခြင်းက ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို တိုးတက်စေပြီး တစ်နေ့တာအတွက် စွမ်းအင်ပမာဏကို တိုးစေပါတယ်။ တကယ်လို့ နံနက်စာမစားဖြစ်ဘူးဆိုရင် စွမ်းအင်တွေ လျော့နည်းကျဆင်းသွားပြီး လှုပ်ရှားနိုင်မှုစွမ်းရည်တွေလည်း ကျဆင်းသွားပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြည့်စုံတဲ့နံနက်စာဟာ ခန္ဓာကိုယ်က လိုအပ်တဲ့စုစုပေါင်း စွမ်းအင်နဲ့အာဟာရဓါတ်ရဲ့ ၂၅ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ နေ့တစ်နေ့ရဲ့ပထမဆုံး စားတဲ့အနပ်မှာ ကာဘိုဟိုက်ဒရပ်၊ ပရိုတင်းနဲ့ အမျှင်ဓါတ်တွေ အကောင်းဆုံးပေါင်းစပ်ထားတဲ့ အစားအစာတွေ ပါဝင်သင့်ပါတယ်။ သစ်သီးဝလံတွေ၊ နှံစားသီးနှံတွေ၊ ဘယ်ရီသီးတွေ၊ အကျိုးပြုအဆီဓါတ်တွေ ပါဝင်ရပါမယ်။ ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေ၊ ဆီကြော်စာ၊ အဆီများတဲ့အစားစာ၊ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အသားတွေနဲ့ လွယ်မြန်စာတွေ၊ ကိတ်မုန့်တွေကတော့ နံနက်စာမှာ လုံးဝမစားသင့်တဲ့အစားအစာတွေပါ။
    နံနက်စာမစားခြင်းရဲ့ဆိုးကျိုးကတော့ ကိုယ်အလေးချိန်မြင့်တက်စေတာ၊ နှလုံးရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ရာသီမမှန်ခြင်း၊ စွမ်းအင်ကျဆင်းခြင်း၊ မှတ်ဥာဏ်စွမ်းရည်ကျဆင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ သုတေသနတစ်ခုအရကတော့ နံနက်စာမစားတဲ့သူတွေမှာ အကျိုးမပြုကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောပမာဏကို မြင့်တက်စေပါတယ်။ နံနက်စာမစားဖြစ်တဲ့ နေ့တွေမှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပြီး အာရုံစူးစိုက်မှုပမာဏကို ကျဆင်းစေပါတယ်။
   နံနက်စာစားခြင်းဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကာလအတွက် အရေးအကြီးဆုံးအချိန်ဖြစ်တဲ့ ကလေးငယ်အရွယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အလွန်အရေးပါပါတယ်။ ကလေးတစ်ဦးရဲ့ အရပ်၊ဖွံ့ဖြိုးမှုနှုန်း၊ ကျားမကွာခြားမှု၊ လှုပ်ရှားမှုပမာဏတွေပေါ် မှုတည်ပြီး ကလေးတစ်ယောက်ရဲ့စားသောက်နှုန်းတွေ ကွာခြားပါတယ်။ ကလေးအများစုကတော့ သူတို့အတွက် ပြည့်စုံမှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသောက်တတ်ဖို့က မိဘတွေရဲ့ တာဝန်တရပ်ဖြစ်ပါတယ်။ ကိုယ်စားသုံးလိုက်တဲ့ အနပ်တစ်နပ်ဟာ ကျန်းမာရေးနဲ့ညီညွှတ်ပြီး စားချင်စဖွယ်ဖြစ်နေရပါတယ်။ ကောင်းမွန်တဲ့ စားသောက်မှုအလေ့အထဟာ အိမ်မှာ စားရင်းနဲ့လေ့ကျင့်ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။
   နံနက်စာဟာ သင့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိရှိပြီထင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်သားတွေ နံနက်စာမစားမိတာမျိုးမဖြစ်ရအောင် အထူးဂရုစိုက်ကြရအောင်လား။

From: Myanmar Post Journal
ဆက်လက်ဖော်ပြပေးပါမည်။
kwz

No comments:

Post a Comment

Note: Only a member of this blog may post a comment.