Viber ဆိုတာ iPhone,
Android Phone, Blackberry နှင့် Windows Phone တွေအချင်းချင်း Free Call ခေါ်ဆိုနိုင်အောင်
ဖန်တီးထားတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ
Devices တွေမှာ Viber Application ကို Install
လုပ်ထားဖို့တော့လိုပါတယ်။
Viber ကိုသုံးပြီး
Free Call ခေါ်ဆိုရာမှာ Sound quality မှာ သာမာန်(Regular call)ထက်
ပိုမိုပြတ်သား ကြည်လင်မှုရှိတယ်လို့ဆိုပါတယ်။
ကမ္ဘာတ၀န်း မည့်သည့်နေရာမဆို
iPhone, Android
Phone, Blackberry နှင့် Windows Phone တွေမှာ အင်တာနက်သာ ရှိနေမယ်ဆိုရင် Viber ကို
install လုပ်ပြီး အခမဲ့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ Viber ကို Android
Market မှ အလွယ်တ ကူဒေါင်းယူနိုင်သလို Android Market ကိုအသုံးပြုလို့မရသူများလဲ
ဒီLink မှာ မိမိဖုန်းအမျိုးအစားအလိုက်ဒေါင်းလု လုပ်လိုက်ပါ။ ကျွန်တော် Android ဖုန်းကို
နမူထားပြီး Install လုပ်နည်းကို ရှင်းပြပါမယ်။ ပထမ မိမိဖုန်းတွင် အင်တာနက်ကို
ဖွင့်ထားပါ။ Viber Application ကို
Download လုပ်ပြီးလျင် Install လုပ်ပါ။
ဒီနေရာကိုရောက်ရင် မိမိရောက်ရှိနေတဲ့
နိုင်ငံကိုရွေးပြီး ဖုန်းနံပါတ်ကို မှန်အောင်ထည့်ပါ။ ပြီးရင် Continue ကိုရွေးပါ။ စက္ကန့်အနည်းငယ်အတွင်း
Viber မှ Activation Code နံပါတ်ကို မိမိဖုန်းဆီသို့ SMS ဖြင်ပို့ပေးပါမယ်။ ပို့ပေးလိုက်တဲ့
Code ရပြီးဆိုတာနှင့် အောက်မှာ Enter code here နေရာမှာ ထည့်ပေးပြီး Enter viber ကိုနှိပ်လိုက်လျင်
Viber Activation လုပ်ငန်းစဉ်
ပြီးပါပြီ။ ဒီနေရာမှာ မြန်မာနိုင်ငံမှာတော့
SMS က အလုပ်မဖြစ်ပါဘူး။ အကယ်၍စာဖတ်သူသည် မြန်မာနိုင်ငံမှာ ဆိုရင်ဒီအဆင့်ကိုကျော်လိုက်ပြီး
အောက်မှာကြည့်ပါ။
စက္ကန့်60 အတွင်း Viber
code ကိုလက်ခံရရှိခြင်းမရှိသေးဘူး
ဆိုရင် Enter viber အောက်က
click here ကိုနှိပ်ပါ။
ဒီအဆင့်မှာ အင်တာနက်
connection ကောင်းနေဖို့တော့လိုပါတယ်။
English နေရာမှာ ဒီအတိုင်းထားပါ။
မိမိဖုန်းနံပါတ်မှန်မမှန်ပြန်စစ်ပြီး
Get Code ကိုနှိပ်ပါ။ သုံးမိနစ်အတွင်း
Viber မှ မိမိထံသို့ ဖုန်းခေါ်ပြီး
Viber Code နံပါတ်ကိုပြောလာပါလိမ့်မည်။ ရရှိလာသော Viber
Activation
Code ကို Enter code
here နေရာတွင်ထည့်၍ Viber ကို install
ပြုလုပ်နိုင်တယ်။
Viber ဟာအသုံးပြုရတာလွယ်ကူတာကြောင်း
ကျွန်တော်မရေးပြတော့ပါဘူး။
အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
ဝင်းနိုင်ထွန်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.