Wednesday, August 1, 2012

ဖြစ်သင့်သည့် အလုပ်ချိန်ထက် ပိုမိုအလုပ်လုပ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်စေနိုင်

အလုပ်ခွင်ဝင်နေသူ (၂၀၀၀)ကျော်ကို (၆)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် နေ့စဉ် အလုပ်ချိန် (၁၁)နာရီနှင့်အထက် ကြာမြင့်သူများသည် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှု ဖြစ်နိုင်ရန် အလားအလာများကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)မှ ပညာရှင်များက ပြောကြားခဲ့။
တစ်နေ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော အလုပ်ချိန်ထက် (၃)နာရီမျှ ပိုမိုအလုပ်လုပ်ခြင်းသည် စိတ်ဖိစီးမှု ဖြစ်စေရန် ပိုမို ရာခိုင်နှုန်း များလာနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အလုပ်ခွင်ဝင်နေသူ (၂၀၀၀)ကျော်ကို (၆)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် နေ့စဉ် အလုပ်ချိန် (၁၁)နာရီနှင့်အထက် ကြာမြင့်သူများသည် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှု ဖြစ်နိုင်ရန် အလားအလာများကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)မှ ပညာရှင်များက ပြောကြားခဲ့သည်။

ထို့အပြင် အလုပ်အလွန်အကျွံ လုပ်သူများသည် လူနေမှုဘဝ ပုံစံ ပြောင်းလဲမှုများ ဖြစ်ပေါ်ရန်လည်း နီးစပ်ပြီး အရက်စွဲခြင်း၊ ဆေးလိပ်စွဲခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။ ထို့အပြင် နေထိုင်စားသောက်ပုံ မမှန်မှုများကြောင့် နှလုံးနှင့် ဆက်စပ်သော ရောဂါများ ဖြစ်နိုင်ခြေသည် သာမန်ထက် (၇၀)ရာခိုင်နှုန်းမျှ တိုးပွားလာနိုင်ကြောင်းလည်း စစ်တမ်းများက ဖော်ပြခဲ့သည်။ စိတ်ဖိစီးမှုသည် ကမ္ဘာပေါ်ရှိ တစ်ဦးချင်းဝင်ငွေ မြင့်မားသော နိုင်ငံများတွင် ဖိအားအမြင့်မားဆုံး ကျန်းမာရေး ပြဿနာ တစ်ခုအဖြစ် ရှိလာမည်ဟု WHOက ခန့်မှန်းထားသည်။

(၂၀၃၀)ပြည့်နှစ် အရောက်တွင် ချမ်းသာကြွယ်ဝသော နိုင်ငံများအတွင်း စိတ်ဖိစီးမှုသည် ကြီးကျယ်သော အကျပ်အတည်း တစ်ခု ဖြစ်လာနိုင်ကြောင်း ပညာရှင်များ၏ အဆိုကို ကိုးကားပြီး PLoS ONE ဂျာနယ်က ဖော်ပြခဲ့သည်။ တစ်နေ့လျှင် (၁၁)နာရီထိ အလုပ်လုပ်သော လူပုဂ္ဂိုလ်များသည် (၆)နှစ်အတွင်း စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား ခံစားရရန် သာမန်လူတစ်ဦးထက် (၂)ဆခွဲမျှ ဖြစ်နိုင်ခြေ မြင့်မားနေကြောင်း သိရှိရသည်။

စိတ်ဝေဒနာ တိုက်ဖျက်ရေး ရန်ပုံငွေအသင်း Mind၏ အမှုဆောင်ချုပ် ပေါလ်ဖာမာက “စီးပွားရေးမှာ လုပ်သားတွေဆီက အလွန်အကျွံ အလုပ်ချိန် ရယူခြင်းဟာ မှားယွင်းတဲ့ ချဉ်းကပ်မှုပါ။ ပင်ပန်းနေတဲ့၊ မပျော်ရွှင်တဲ့ အလုပ်သမားတွေဆီက ထုတ်လုပ်မှု စွမ်းရည်ဟာ ကျဆင်းနေမှာပဲ။ အဲဒီတော့ အောင်မြင်မှုအစား ၀န်ထမ်းတွေ စိတ်ဖိစီးမှု မြင့်တက်လာတဲ့ ပြဿနာမျိုးပဲ ရင်ဆိုင်ရနိုင်တယ်”ဟု သုံးသပ် ပြောဆိုသွားသည်။  


Source: Independent
             Planet:news

No comments:

Post a Comment

Note: Only a member of this blog may post a comment.