Wednesday, August 15, 2012

အသက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများအနေဖြင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းကြောင်းတွေ့ရှိ





အသက်ငယ်ရွယ်စဉ်၌ ကလေးမွေးဖွားသော မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော် လေ့လာချက်အသစ်တစ်ရပ်အရ အသက်ကြီးမှ ကလေးမွေးဖွားခြင်းတွင်လည်း ကောင်းကျိုးများရှိကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းလေ့လာချက်များအရ အသက်၎ဝသို့မဟုတ် ယင်းထက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများသည် အသက်၂၅နှစ်ခန့်၌ ကလေးမွေးဖွားသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၄၄ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သားအိမ်ကင်ဆာ အများစုသည် အသက်၅ဝကျော်နှင့် ၆ဝကျော်အရွယ်များ၌ အဖြစ်များသည်။ ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင် အသက်၃ဝအရွယ်မှစ၍ ကလေးမွေးဖွားသည့်အရွယ် ငါးနှစ်ကြီးသွားတိုင်း သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၁၃ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါသုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာဗီရိုနီကာဆီရှာဝမ်က သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်သော အခြားအကြောင်းအရင်းများကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါက အသက်ကြီးမှ ကလေးမွေးဖွားခြင်းသည် သားအိမ်ကင်ဆာရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာကွယ်နိုင်သည့် အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
From : Pyimyanmar jounal
by : kwz

No comments:

Post a Comment

Note: Only a member of this blog may post a comment.