Thursday, July 18, 2013

"ရိုဟင်ဂျာတို့ လာရာနှင့် လားရာ"


 မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်တလော အုတ်အော်သောင်းတင်းဖြစ်နေခဲ့သော အရေးတစ်ခုမှာ ရခိုင်ပြည်နယ်တွင် အခြေချရန်ကြိုးစားနေကြသော ရိုဟင်ဂျာတို့ ကိစ္စပင်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် တစ်ပြည်နယ်သား ရိုဟင်ဂျာများ အခြေချရန်ကြိုးစားနေခြင်းသည် ပုံမှန်အားဖြင့် ဆိုရလျှင် သားမံကမ္ဘာတစ်ဝန်းတွင် ဖြစ်လေ့ဖြစ်ထရှိသော လူမျိုးတစ်မျိုးက အခြားတစ်မျိုး၏ နယ်ပယ်တွင် ကျူးကြော်ဝင်ရောက်ရန် ကြိုးပန်းမှုသာဖြစ်မည်။ သို့သော် ထိုကျူးကြော်ဝင်ရောက်ရန် ကြိုးပန်းနေသူများက အစ္စလာမ်ဘာသာဝင်များ ဖြစ်နေပြီး ဒေသခံရခိုင်များက ဗုဒ္ဓဘာသာဝင်များ ဖြစ်နေခြင်းက ဤအရေးကို ပို၍ ကြီးထွားစေခြင်းပင် ဖြစ်သည်။ ဘာသာရေးနှင့် အလျဉ်းသက်ဆိုင်မှုမရှိသော ပဋိပက္ခတစ်ခုကို ဘာသာရေးအရောင် ဆိုးပေးလိုက်သည်။
          မြန်မာပြည်အတွင်းသို့ တိုင်းတစ်ပါးလူမျိုးတစ်စုက ကျူးကြော်ဝင်ရောက်ရန် ကြိုးပမ်းမှုတစ်ခုကို ဒေသံလူမျိုးစုက ဆန့်ကျင်နေခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးတွင် အကြုံးဝင်သော လူတိုင်းလူတိုင်း မိမိစိတ်ကြိုက် ဘာသာတရားကို ကိုးကွယ်နိုင်ခွင့်အား စောဒကတက် တိုက်ခိုက်နေခြင်း မဟုတ်သည့်အချက်ကို ဖုံးကွယ်၍ ဘာသာခြင်း ရန်ဆောင်နေကြသည့် အနေသို့ မရောက်သင့်ဘဲ ရောက်ရှိနေသည့်အတွက် ထိုအချက် ကွဲပြားရန်လိုအပ်သည်ဟု ထင်ပါသည်။
          မြန်မာပြည်မှ ထွက်ပြေးလာပါသည်ဆိုသော ရိုဟင်ဂျာများကို အစ္စလာမ်ဘာသာဝင် နိုင်ငံတစ်နိုင် ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံက လက်ခံထားမှုများ ရှိသည်ဟု ဆိုသည်။ မှန်သည်။ 
          အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနို သည် နိုင်ငံမဲ့ ရိုဟင်ဂျာတို့ကို ထောက်ခံပါသည်ဟု လူသိရှင်ကြား ပြောခဲ့သော်လည်း အာဏာပိုင်များက လိုလိုလားလား ကြိုဆိုမှု မရှိချေ။ အိမ်နီးခြင်း မူဆလင်နိုင်ငံပင်ဖြစ်သော မလေးရှားနိုင်ငံက ၄င်းတို့ ကမ်းဘက်သို့ ဆိုက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်နေသည်ဟု ဆိုသလို ထိုအတောအတွင်း ရိုဟင်ဂျာ (၂၀၀၀) မျှ ဆိုက်ရောက်လာခဲ့သည့် အဖြစ်ကို ခံရသော ထိုင်းကလည်း ယင်းတို့ ဒုက္ခသည်စခန်းများ လျှံနေပြီဖြစ်သောကြောင့် ထက်တိုး လက်မခံနိုင်ပါကြောင်း ငြင်းဆန်ထားခဲ့ပြီး ဖြစ်သည်။
          ထိုသို့ ဘာသာတူနိုင်ငံများကပင် နိုင်ငံသားအဖြစ် လက်မခံနိုင်သော ရိုဟင်ဂျာများကို ဘာသာမတူ မြန်မာနိုင်ငံအား လက်ခံအခြေချခွင့် ပေးပါဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုခြင်းက အတော်ပင် မဆီမဆိုင် လက်ပံသား ဓားနှင့်ချိုင်သည့် အနေရောက်သည်ဟု ဆိုနိုင်သည်။ ရိုဟင်ဂျာတို့၏ မူလဇာတိကို သမိုင်းနောက်ကြောင်းပြန် လှည့်ကြည့်ပါလျှင် ထိုမဆီမဆိုင် အနားမှာရောက်ရှိနေ၍ စက်ကွင်းမလွတ်ဖြစ်နေရသည့် အနေအထားကို တွေ့နိုင်သည်။
          ကာလီလာရာမန်ကဲ့သို့သော ရိုဟင်ဂျာ သမိုင်းပညာရှင် အချို့က ရိုဟင်ဂျာဟူသော အမည်သည် အေဒီ ရှစ်ရာစုနှစ်ကာလက ရမ်းဗြဲကျွန်းအနီးတွင် ပျက်ခဲ့သော သင်္ဘောပေါ်၌ ပါရှိခဲ့သော အာရပ်ကုန်သည်များတွင် အရင်းခံဖြစ်သည်ဟု ဆိုသည်။ ထိုသင်္ဘောပျက် ကမ်းတင် အာရပ်ကုန်သည်များကို ရခိုင်ဘုရင်က ကွပ်မျက်စေသောအခါ တွင် ယင်းတို့က ယင်းတို့ဘာသာစကားဖြင့် ရာမ်မာဟု အော်ဟစ်ဘုရားတခဲ့ကြသည်။ ယင်းကြောင့် သူတို့ကို ရာမ်ဟန်းဟုခေါ်တွင်ခဲ့ပြီး ကာလရွေ့လျားသောအခါ ရိုဟန်အသွင်ပြောင်းပြီး နောက်ဆုံး ရိုဟင်ဂျာဖြစ်လာသည်ဟု ဆိုသည်။
          အာရာကန် မွတ်ဆလင် ကွန်ဖရင့်၏ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သူ ဂျာဟီရဒ်ဒင်အာမက် နှင့် အတွင်းရေးမှူးဖြစ်ခဲ့သူ နာဆီအာအာမက်တို့ကမူ ရိုဟင်ဂျာတို့သည် အာဖကန်နစ္စတန် ရာမ်ဟာလူမျိုးမှ ဆင်းသက်လာသူများ ဖြစ်သည်ဟု ဆိုသည်။
          ဦးခင်မောင်စော ကဲ့သို့သော မြန်မာသမိုင်းပညာရှင်များကမူ ၁၉၅၀ ခုနှစ်မတိုင်ခင် ကာလအထိ ရိုင်ဟင်ဂျာဟူသောအမည် အသုံးအနှုံး မရှိခဲ့ဟု ဆိုသည်။ အခြားသမိုင်းသုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ မော့စ်ဖောင်ကမူ ဗြိတိသျှတို့ ကောက်ခဲ့သော ၁၈၂၄ ခုနှစ် လူဦးရေစစ်တမ်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုံးမရှိခဲ့ဟု ဆိုသည်။ ရိုဟင်ဂျာဟူသောအမည်သည် ကိုလိုနီခေတ်က ရခိုင်ဒေသသို့ ပြောင်းရွှေ့လာခံသည့် ဘင်္ဂါလီလူမျိုး များ၏ မျိုးဆက်များက ၁၉၅၀ ခုနှစ်များတွင် စတင်ဖန်တီးခဲ့သော အမည်ဖြစ်သည်ဟု သမိုင်းပညာရှင် ဦးအေးချမ်းက ပြောကြားခဲ့သည်။ မြန်မာ့သမိုင်း မှတ်တမ်းများတွင် ရိုဟင်ဂျာလူမျိုးများဟု အလျှဉ်းမရှိခဲ့ဟုလည်း သူက ဖြည့်စွပ်ပြောကြားထားသည်။ ရိုဟင်ဂျာဟူသော စကားလုံးကို ၁၉၅၁ ခုနှစ်တွင် အာဘူဂမ်ဖာ ဆိုသူက ရန်ကုန်မြို့တွင် ထုတ်ဝေသည့် ဂါးဒီးယမ်းသတင်းစာသို့ ရေးသားသည့် စာမူတစ်ခုတွင် စတင် တီထွင် အသုံးပြုခဲ့သည်ဟု ဦးအေးချမ်းက ဆိုသည်။
          ရိုဟင်ဂျာဘာသာစကားသည်လည်း အင်ဒို၊ ဥရောပ၊ ဘာသာစကားကြီး၏ လက်ခွဲတစ်ခုဖြစ်သော အင်ဒို- အာရီယန် ဘာသာစကားမှ ဆင်းသက်လာပြီး မြန်မာပြည်နှင့် နယ်စပ်ခြင်းထိနေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ၏ တောင်ဘတ်ပိုင်းတွင် ပြောဆိုသော စစ်တကောင်းဘာသာစကားနှင့် ယှက်နွယ်နေသည်ဟု ဆိုသည်။ သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ဦးသန်းမြင့်ဦးက မူ အောက်ပါအတိုင်းရေးသားထားသည်။
           (၂၀) ရာစုအစတွင် မြန်မာနိုင်ငံသို့ အိန္ဒိယလူမျိုးများ တစ်နှစ်လျှင် နှစ်သိန်းခွဲထပ်မနည်းသော အရေအတွက်ဖြင့် လာရောက်နေခဲ့ကြသည်။ ထိုအရေအတွက်သည် တစ်စိမ့်စိမ့် မြင့်တက်သွားခဲ့ပြီး ၁၉၂၇ ခုနှစ် အထွတ်အထိပ်ရောက်သည့် နှစ်တွင် မြန်မာနိုင်ငံသို့ နယ်မြေပြောင်းရွှေ့ ရောက်လာသည့် အရေအတွက်မှာ ၄၈၀၀၀၀ မျှ ရှိလာခဲ့သည်။

          ၁၉၂၇ ခုနှစ် ကာလရောက်သောအခါတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့များဖြစ်သော ရန်ကုန်၊ စစ်တွေ၊ ပုသိမ်၊ မော်လမြိုင်တို့တွင် အိန္ဒိယလူမျိုးတို့က ဒေသခံလူဦးရေထက် များပြားနေခဲ့ပြီး ဖြစ်သည်။
          နယ်မြေပြောင်းဂယက်သည် လူဦးရေ သိပ်သည်းမှု နည်းပါးသည့် ပြည်နယ်တစ်ခု ဖြစ်ခဲ့သော ရခိုင်တွင် ပို၍ ပြင်းထန်ခဲ့သည်။ ရခိုင်များနှင့် ရိုဟင်ဂျာတို့ မတည့်အတူနေ အခြေအနေမှ ဆင့်ပွား ဖြစ်ထွန်းနိုင်သည့် ရေရှည် အကြိုးဆက်ပြဿနာ အလားအလာကို သတိချပ်မိသော ဗြိတိသျှအာဏာပိုင်များသည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့ ခြေချမှုကိစ္စကို ဆန်းစစ်ရန် ၁၉၃၉ ခုနှစ်တွင် ဂျိမ်းစစ်အက်စတာနှင့် ဦးတင်ထွန်း ဦးဆောင်သော အထူးစုံစမ်းရေး ကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့သည်။ နယ်စပ်ကို လုံခြုံအောင် ပိတ်ဆို့ပစ်ရန် ကော်မရှင်က အကြံပြုခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာရာ ဗြိတိသျှတို့လည်း ရခိုင်ပြည်နယ်မှ ဆုတ်ခွါသောအခါတွင် ထိုစစ်ဆင်လာသည့် ဂျန်တို့ ရှေ့ကြားခံဇုန်ဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတို့ကို လက်နှက်တပ်ဆင်ပေးခဲ့သည်။
          ရိုဟင်ဂျာတို့သည် ဗြိတိသျှတို့ထံမှ လက်နက်များ ရရှိသောအခါ ဂျပန်တို့ကို ခုခံတိုက်ခိုက်ခြင်း ပြုရမည့်အစား ရခိုင်ရွာများကို ရှင်းလင်းချေမှုန်းပြစ်ရန် ကြိုးစားခဲ့သည် သမိုင်းပညာရှင် ဦးအေးချမ်းက ရေးသားခဲ့သည်။
          ဂျပန်တို့သည် ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို မုဒိန်းကျင့် သတ်ဖြတ် ညှဉ်းပန်း နှိပ်စက်မှုပြုခဲ့သည်။ ထိုကာလအတွင်း၌ ရိုဟင်ဂျာလူမျိုး ၂၂၀၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလာဒေသသို့ ၀င်ပြေးခဲ့ကြည်သည်။ ရိုဟင်ဂျာလူမျိုး ၄၀၀၀၀ ခန့် လည်း စစ်တကောင်းသို့ ပြေးခဲ့ကြသည်။
          ၁၉၄၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဂျီဟက် လှုပ်ရှားမှု ပြုလုပ်ရန် ထောက်ခံခဲ့သော ရိုဟင်ဂျာ အကြီးအကဲများသည် မူဂျာဟစ်ပါတီကို တီထောင်ခဲ့သည်။ မူဂျာဟစ်ပါတီ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင် မွတ်ဆလင် ကိုမင်းကိုချင်း နိုင်ငံ တည်ထောက်ရေးပင်ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတိုင်ခင်ကာလတွင် ယင်းတို့ လွန်စွာ လှုပ်ရှားခဲ့သော်လည်း ဗိုလ်ချုပ်နေ၀င် အစိုးရတက်လာပြိးနောက် နှစ်ပေါင်း (၂၀) ကာလတစ်လျောက်တွင် ထိုမူဂျာဟစ်များကို စစ်ဆင်မှု ပြုခဲ့သည်။ ယင်းစစ်ဆင်ရေးများတွင် ၁၉၇၈ ခုနှစ်က ဆင်နွှဲခဲ့သော နဂါးမင်းစစ်ဆင်ရေးမှာ အထင်ရှားဆုံးဖြစ်သည်။ ထိုစစ်ဆင်ရေးကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများစွာ ထွက်ပြေးခဲ့ကြသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံအပြင် ပါကစ္စတန်နိုင်ငံသို့လည်း များစွာ ပြေးခဲ့ကြသည်။ ရခိုင်ပြည်နယ်၏ ခေါင်သောဒေသတွင် မူဂျာဟီဒင်များ(အစ္စလာမ်စစ်သွေးကြွများ) လှုပ်ရှာနေဆဲဟု ဆိုသည်။
          အာရပ်တို့၏ ရိုရာပုံမြင်များစွာတွင် အထူးထင်ရှားသော ပုံပြင်တစ်ပုဒ် ရှိသည်။ ယင်းသည်ကား အကာလ ညအမှောင်တွင် အပြင်ဘတ်၌ ရာသီဥတု ပြင်းထန်လွန်း၍ နွေးထွေးသော ရွက်ဖြင်တည်အိမ်လေးတွင် ခေါင်းလေးဘဲသွင်း၍ ခိုပါရစေဟု တောင်းဆိုခဲ့သည့် ကုလားအုပ် ဇာတ်ပင်ဖြစ်သည်။ ခေါင်းမသည် ပုခုံး၊ ပုခုံးမှသည် တစ်ကိုယ်လုံးအထိ တဖြေးဖြေး အခွင့်အရေးယူ တိုးဝင်ပြီး တဲအိမ်ရှင်ကို အပြင်သို့ ကန်ထုတ်လိုက်သည့် အဖြစ်ကို လူတိုင်း သိမည်ဟု ထင်ပါသည်။
          ရိုဟင်ဂျာတို့တွင် ဤသို့သော သဘောထားနှင့် ခံယူချက် ရှိလေပါသောကြောင့် အတိတ်သမိုင်းက ပြနေသောအခါတွင် မြန်မာနိုင်ငံသည် ထိုသူတို့ကို မည်သည့်နေရာမှာ နေရာချ သို့မဟုတ် မည်သည့်အရပ်သို့ ပို့ရမည်နည်း။
          ကမ္ဘာတစ်ခုလုံးက အလိုမရှိဆုံးဟု ဆိုညွှန်းသော ရိုဟင်ဂျာတို့ကို မြန်မာတို့က ဖျာခင်ပေးရန်ကား……..အလေးအနက် စဉ်းစားစရာ ကိစ္စတစ်ရပ်ပင် ဖြစ်သည်။
          မင်းပိုင်။
          အတွဲ (၁) အမှတ်(၄၂) လူထုပုံရိပ် သတင်းဂျာနယ် စာမျက်နှာ ၃၅ မှ မင်းပိုင်၏ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.