Friday, March 22, 2013

လမ်းစဉ်မတူပေမယ့်ရည်ရွယ်ချက်တူစေဖို့အဓိက


ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေကို ဖျက်စီးလို့ ဗုဒ္ဓဘာသာတွေရဲ့ ရင်ထဲက ရတနာသုံးပါးကို ကြည်ညိုတဲ့စိတ်က ပျက်စီးသွားမှာ မဟုတ်ပါဘူး။
ဒီလိုပါပဲ ဗလီတွေကို ဖျက်စီးလို့ရပေမဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သူတို့ဘာသာကို သက်ဝင်ယုံကြည်မှုက ဆက်ပြီး တည်ရှိနေမှာဖြစ်လို့ ဗလီတွေဖျက်တာကို အားမပေးပါဘူး။ ကိုယ့်ဘာသာက သံဃာတော်တွေကို သတ်ရင် ဘုန်းကြီးကျောင်းတွေကို ဖျက်စီးရင် ကိုယ်တွေ မခံမရပ်နိုင် ဒေါသဖြစ်ရသလို အင်မတန်စိတ်နာရသလို သူတပါးယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆောက်အဦးတွေကိုဖျက်စီးမယ်ဆိုရင် သာမန်အေးအေးချမ်းချမ်းနေချင်တဲ့ မွတ်ဆလင်တွေကိုပါ အစွန်းရောက်တွေ ဖြစ်အောင် တွန်းပို့သလိုဖြစ်သွားပါလိမ့်မယ်။ ဒါဟာနိုင်ငံအတွက်ရော ကိုယ့်ဘာသာအတွက်ရော မကောင်းပါဘူး။ကိုယ့်ဘာသာရေးအဆောက်အဦးကို သူများဘာသာက စော်ကားတိုက်ခိုက်တာ လက်မခံနိုင်သလို ကိုယ်တွေကလည်း ကိုယ်ချင်းစာတရားနဲ့ သူတပါး ဘာသာရေး အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်စီးတဲ့ကိစ္စတွေကို ရှောင်ရှားပေးကြပါ။ ထိန်းသိမ်းပေးကြပါ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ကိုယ်ချင်းစာတရားပါ။ တတ်နိုင်သမျှ အကြမ်းမဖက်ဘဲ တရားဥပဒေဘောင်ထဲကသာ လှုပ်ရှားကြစေလိုပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် တောကြောင်တွေထလာရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဘ၀လုံခြုံမှုတွေပါ ထိခိုက်လာမှာဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သားအားလုံးကို အထူးမေတ္တာရပ်ခံချင်တာက ဒေါသတွေကို ထိမ်းပြီး အကြမ်းဖက်တာတွေမလုပ်ဘဲ ရှောင်ကြပါ။ အကြမ်းမဖက်ဘဲ ကိုယ့်ဘာသာရေးကို သေသေချာချာလေးလေးနက်နက်နားလည်အောင် လေ့လာရေး၊ဗုဒ္ဓ ဘာသာပြန့်ပွားတည်တံ့ရေး၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားရေး၊ ဘာသာခြားလက်မထပ်ရေးစတဲ့ အနုနည်းနဲ့ တရားဥပဒေဘောင်ထဲက လှုပ်ရှားမှုတွေကိုသာ လုပ်ကြပါလို့ လေးလေးနက်နက်တိုက်တွန်းပါတယ်။ ဗလီတွေဖျက်ဖို့ထက် ဗုဒ္ဓ ဘာသာကို သေသေချာချာနားလည်သဘောပေါက်ပြီး သူများဖျက်လို့မရတဲ့ ဘုရားတွေကို ဗုဒ္ဓ ဘာသာတွေရင်ထဲမှာ နှလုံးသားမှာ ဘုရားတည်ဖို့ကိုပဲ ဘကတအဖွဲ့က အားပေးပါတယ်။

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

( အမြင်မတူတာတွေ ရှိနိုင်ပါတယ်။လမ်းစဉ်မတူပေမဲ့ ရည်ရွယ်ချက်တူဖို့က အဓိကဖြစ်ပါတယ်။)


No comments:

Post a Comment

Note: Only a member of this blog may post a comment.