Thursday, November 15, 2012

ရောဂါအများအပြားကို ကာကွယ်ပေးနိုင်သည့် အုန်းစိမ်းရည်၏ အကျိုးအာနိသင်



http://www.articleswave.com/articleimages/11-2008/274.jpg

အုန်းစိမ်းရည်သည် သဘာဝအရ ရောဂါပိုးမွှားကင်းစင်ပြီး သတ္တုဆားပျော်ဝင်နေသော စမ်းရည်ပင်ဖြစ်သည်။ ဆေးဝါးကြောင့်ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးကို အုန်းစိမ်းရည်က ဖြေပေးနိုင်သလို အရသာကောင်းမွန်းလှသော အုန်းစိမ်းရည်ကိုသောက်ပါက အစာခြေဖျက်ရာတွင် အထောက်အကူပြုသည်။ ကလေးငယ်များ သောက်လျှင်လည်း ဘေးဥပဒ်လုံးဝမရှိသော အရည်ဖြစ်သည်။ ထို့အပြင် အုန်းစိမ်းရည်ကို ပျားရည်နှင့်ရောပြီး သောက်ပါက အသားအရေစိုပြေပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်နေသူများ သောက်သုံးသင့်ပြီး အူအတွင်းရှိ ဗက်တီးရီးယားများကို တိုက်ဖျက်ပေးသည်။ ထို့အပြင် ရေဓါတ်ခန်းခြောက်နေသူများအတွက် အုန်းစိမ်းရည်ကို သံပရာရည်နှင့်ရောပြီး သောက်သုံးသင့်သည်ဟု သိရှိရသည်။
အုန်းစိမ်းရည်တွင် ပိုတက်ဆီယံဒြပ်စင်နှင့် ကလိုရင်းဓါတ်ပေါကြွယ်ဝသည့်အတွက် အထူးသဖြင့် ဆီးမသွားခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆီးကျောက်၊ အဆိပ်အတောက်ဖြစ်ခြင်းနှင့် အူရောင်ငန်းဖျားရောဂါတို့ကို သက်သာစေနိုင်သည်။ ကလေးများနှင့် အော့အန်မှုဖြစ်နေသောကိုယ်ဝန်ဆောင်မိခင်တို့သည် အုန်းစိမ်းရည်ကို သံပရာညှစ်ပြီး သောက်သုံးပါက ခံစားရသော ဝေဒနာသက်သာသွားမည်ဖြစ်သည်ဟု သုတေသနပြုချက်တွင် ဖော်ပြထားသည်။
ထိုမျှမက နွားနို့နှင့် အုန်းစိမ်းရည်ရောပြီး သောက်ပါကလည်း ၀မ်းချုပ်ခြင်းနှင့် အစာမကြေခြင်းတို့မဖြစ်ရန် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း၊ အုန်းစိမ်းရည်သည် ရောဂါအများအပြားကို သက်သာပျောက်ကင်းအောင် ထောက်ကူပေးနိုင်သလို ရင်ကျပ်ရောဂါနှင့် ကိုယ်တွင်းကိုယ်ပ အနာတို့ကို အထူးထိရောက်သက်သာစေကြောင်းသိရှိရသည်။ မျက်နှာသန့်စင်ရာတွင်လည်း အုန်းစိမ်းရည်ကို အသုံးပြုပါက ၀က်ခြံနှင့် အမည်းစက်တို့ကို ဖယ်ရှားပေးသည်ဟု ဆိုသည်။

from : နယူးဒေလီ (ပီတီအိုင်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.