From : မြစ်မခ
ရခိုင်ပြည်နယ် မေယုမြစ် အနောက် တောင်ဘက် မြန်မာ့ ရေပိုင်နက်သို့ ဖြတ်သန်း လာသည့် စက်လှေ တစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှ ဖမ်းဆီးရ မိခဲ့ရာ စက်လှေတွင် ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူ မည်ဟု သိရှိရသည်။
“သူတို့ကို စစ်ဆေးတဲ့အခါ ၊ မြန်မာနိုင်ငံက ဘင်္ဂလီတွေဖြစ်နေတယ်၊ သူတို့မှာအထောက်အထားတွေကမသဲကွဲဘူး ။ နောက် ကပ္ပတိန်ကထိုင်းကဆိုပေမယ့် ထိုင်းနိုင်ငံတောင်းပိုင်းကမူဆလင်ပါ။ ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေလို့ ယူဆလို့ရပါတယ်။ ”ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံက (၈)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင် ကြောင်း သိရသည်။
၎င်း စက်လှေမှာ မေယုတောင်တန်း မြန်မာရေပိုင်နက်တွင် ဖဖ်းဆီးခံရခြင်းဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံက မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ထွက်ခွာနေချိန်တွင် ယခုကဲ့သို့ ဖဖ်းဆီးရမိခြင်းဖြစ်သည်။
“သူတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ပုဒ်မ ၁၃(၁) အရ အရေးယူမှာပါ’’ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြစ်မခမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ၄င်းတို့အား စစ်တွေအကျည်းထောင်တွင် ထိန်းသိမ်းထားကြောင်းကိုလည်း သိရှိရသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.