Thursday, July 26, 2012

တစ်နေ့ကိုရေဖန်ခွက် 8ခွက်သောက်ရမယ်ဆိုတာမှားပါတယ်။

   
1945 ခုနှစ်လောက်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တနေ့ကိုရေဖန်ခွက် 8ခွက်နဲ့ညီမျှတဲ့ ပမာဏလိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကြောင့် ဒီအယူအဆအမှား ဖြစ်လာတယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေပမာဏကို သောက်ရတစ်ခုတည်းကနေ ရတာမဟုတ်ပါဘူး။ တစ်နေ့တာလုံးစားတဲ့ အစားအသောက်နဲ့ဖျော်ရည်၊ လက်ဖက်ရည်၊ ကော်ဖီစတဲ့ အရည်အသွေးအားလုံးက ရပါတယ်။ ဒါကြောင့် ရေဖန်ခွက် 8ခွက်မပြည့်ပြည့်အောင်သောက်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကျန်းမာချင်ရင်တော့ ပင်ပင်ပန်းပန်းလုပ်လို့ ချွေးထွက်ဆုံးရှုံးရတဲ့ ရေပမာဏအတွက် လုံလောက်အောင်ရေသောက်ပေးရပါ့မယ်။ ဒါပေမယ့် လိုအပ်တဲ့ ရေပမာဏဟာ တစ်ဦးနဲ့တစ်ဦးမတူပဲ ကွဲပြားခြားနားနိုင်ပါတယ်။

From :  thebloommagazine.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.