Saturday, June 9, 2012

You may be a victim of software counterfeiting


You may be a victim of software counterfeiting
Computer ကို အင်တာနက်ချိတ်လိုက်ပါက ဒီပြဿနာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။
Add caption
တခါတလေမှာလုပ်နည်းကိုမသိရင် ဖြေရှင်းလို့ရမလားဆိုပြီး Windows ပြန်တင်မိတတ်ကြပါတယ်။
Automatic update ကို turn off လုပ်ထားတာလဲမရပါဘူး။ အချိန်တန်ရင် ဒီ You may be a victim of software counterfeiting ဆိုတဲ့ Message box ဟာ ကွန်ပြူတာကို ဖွင့်လိုက်တိုင်း တွေ့တွေ့နေရတတ်ပါ တယ်။ Windows 7 မှာတော့           Loader တွေသုံးပြီး ဖြေရှင်းရတတ်ပေမဲ့ Windows xp မှာတော့ တခါတလေ အဆင်မပြေတတ်ပါဘူး။ အောက်မှာ ကျွန်တော်တွေ့ထားတဲ့နည်းလေးကို စမ်းကြည့်လိုက်ပါ ။ အဆင်ပြေသွားပါလိမ့်မယ်။
ပထမ Start > Run box သွား၊ regedit လို့ရိုက်ပြီး ok နှိပ်ပါ။ Registry Editor ပေါ်လာပါမယ်။
ပြီးရင် Hkey local Machine ကို ရောက်ရင် +လက္ခဏာသင်္ကေတလေးကို နှိပ်ပြီးဖြန့်ချလိုက်ပါ။ နောက်
Software >Microsoft > Windows NT > Current Version > Winlogon ထိရောက်အောင်သွားပါ။
Winlogon ရောက်ရင် Notify ဆိုတဲ့ Folder ကို Right Click နှိပ်ပြီး Delete လုပ်လိုက်ပါ။ Computer ကို
Restart ချပါ။ (မမေ့ပါနဲ့) Windows ပြန်တက်လာရင် You may be a victim of software counterfeiting
ဆိုတဲ့စာသားမရှိတော့ပါဘူး။ ဒါပေမဲ့ပိုပြီးစိတ်ချရအောင် နောက်တဆင့်လုပ်ဖို့ကျန်ပါသေးတယ်။
My Computer > C > Windows > System32  ကိုရောက်ရင် Wga Tray ဆိုတဲ့ ဖိုင်ကို ရှာပါ။
တွေ့ရင် Delete လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ။
WNT

2 comments:

  1. အခုလိုဖော်ပြပေးတာကိုကျေးဇူးတင်ပါတယ်။
    တခုမေးလိုတာက အခုလိုလုပ်တဲ့နည်းက ပေါ်နေတဲ့ပြသာနာကို အပြီးတိုင်ဖြေရှင်းတာမဟုတ်ပဲနဲ့ ပြသာနာကိုဖုံးဖိလိုက်သလိုများဖြစ်သွားသလားသိချင်တာပါ။

    ReplyDelete
  2. ဟုတ်ပါတယ်။ အဲ့လိုလုပ်တာ Windows ကို Activate တော့မဖြစ်ပေမဲ့ You may be a victim of software counterfeiting ဆိုတဲ့စာကိုတော့ မမြင်ရတော့ပါဘူး။ နောက်ပြီး ပြဿနာကတော့ Microsoft က ထုတ်တဲ့ Software တွေ ဥပမာ Windows Media Player, MSE, IE အစရှိတဲ့ Software တွေကို update လုပ်လို့တော့ရမှာမဟုတ်ပါဘူး။ ဒီအတွက်လဲပူစရာမလိုပါဘူး။ windows media player အစား VLC Player တို့ KMP Player တို့ကိုသုံးနိုင်ပါတယ်။ Antivirus ကိုလဲ
    MSE ကိုသုံးမဲ့အစား Avira , AVG တို့ လို free ရနိုင်တဲ့ Antivirus တွေအများကြီးရှိပါတယ်၊ Browser
    ကိုသုံးရာမှာလဲ IE ထက်ကောင်းတဲ့ Mozilla Firefox နှင့် Chrome တို့ကိုသုံးနိုင်ပါတယ်။

    ReplyDelete

Note: Only a member of this blog may post a comment.